Wednesday, June 30, 2010

ဒေါ်အောင်ဆန်းစုကြည်...

"မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်... သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ"

Thursday, June 17, 2010

အရှင်ဂမ္ဘီရ၏ (၃၁)နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ်သ၀ဏ်လွှာ.“

အရှင်ဂမ္ဘီရ၏ (၃၁)နှစ်မြောက် မွေးနေ့အမှတ်တရ အထိမ်းအမှတ်သ၀ဏ်လွှာ.“

အမှန်တရားအတွက်ရဲရဲဝံ့ဝံ့ ထောင်တွင်း၌အကျဉ်းကျခံနေရသောအရှင်ဘုရားအား အရှင်ဘုရား၏မွေးနေ့မင်္ဂလာ အခါသမယမှာ အရှင်ဘုရားနဲ့အတူထပ်တူထပ်မျှခံစားရပါကြောင်း ဘုရားတပည့်တော်တို့အဖွဲ့မှလည်း အရှင်ဘုရား၏မွေးနေ့ပွဲ၌ အရှင်ဘုရားနှင့်အတူ ထောင်တွင်း၌အကျဉ်းကျခံနေရသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြ၍ အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့
ဦးနေမိန္ဒ
ဦးထာဝရ

Wednesday, June 16, 2010

စက်တင်ဘာတို့ အော်သံ..

စက်တင်ဘာ ...ရွှေဝါရောင်ပန်းများ.. ..

ညိုးနွမ်းခွေလျော့ .. သွေးလူးပေကျံ ...

ကပ်ဆိုက်သံလား ...သာသနာပျက်သံလား....

ကမ္ဘာပျက်သံလား... ကယ်ပါယူပါ ..

တစာစာနဲ့ ...ဘုန်းကြီးပြည်သူ ...

ကျောင်းသားရဟန်းသံဃာတွေ... ရဲ့  ..အော်သံတွေ

ကမ္ဘာတည်သရွေ့ လွှမ်းနေမှာ လား ....

Thursday, June 3, 2010

အာဏာရှင်စနစ်ကြီးပြိုကွဲပါစေ ပြည်သူတွေစိတ်ချမ်းသာကိုယ်ချမ်းသာဘ၀ရောက်ပါစေ

မုံရွာမြို့ချင်းတွင်းရတာနာဈေးမီးလောင်မှုနောက်ဆက်တွဲ ဓာတ်ပုံများ















ပြည်သူတွေချစ်တဲ့ပြည်သူ့ဘုန်းဘုန်း

Wednesday, June 2, 2010

ရေရပြီ သို့သော်











ာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ သဒ္ဓါတရား ထက်သန်စွာဖြင့် ရေအလှူရှင်တို့၏ ပံ့ပိုးမှုတို့ကြောင့် ရေတိုလုပ်ငန်းဖြစ်သော သောက်သုံးရေ လှူဒါန်းမှုအပြင် ရေရှည်လုပ်ငန်းဖြစ်သော အ၀ီစိတူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်းတို့ကိုလည်း ပဲခူးတိုင်း၊ က၀မြို့နယ်၊ ခနီးကျေးရွာတွင် တူးဖော်ပေးခဲ့ရာ ထွက်ရှိလာသော ရေချိုကို ရန်ကုန်သို့ သယ်ယူပြီး စံချိန် စံညွှန်းပြည့်မီမှု စမ်းသပ်စစ်ဆေးလျှက် ရှိနေပါကြောင်း . . .

ဦးကျော်သူအား ကျေးဇူးတင်ပါသည်....

 

blogger templates | Make Money Online